kiss-of-the-dragon-2001

2001 ခုနှစ်ကထွက်ခဲ့ပြီး IMDb မှာ 6.6 ရထားတဲ့
ကွန်ဖူးမင်းသားကြီးဂျက်လီရဲ့ အက်ရှင်ဇာတ်ကားကြီးကို
တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းကို ဂျက်လီ က ကိုယ်တိုင်
ရေးသားထားတဲ့ ဇာတ်ညွန်းနဲ့ ကိုယ်တိုင်သရုပ်ဆောင်ပြီး ပြင်သစ်
ပါရီမြို့မှာ သွားရောက်ရိုက်ကူးထားတာဖြစ်ပါတယ်ဗျ
ဇာတ်လမ်း အကျဉ်းလေးကတော့ Lui Jian ဟာတရုတ်ရဲတပ်ဖွဲ့က
အရာရှိတစ်ယောက်ဖြစ်ပြီး ပြင်သစ်က မူးယစ်ဆေးဂိုဏ်းနဲ့ ချိတ်ဆက်နေတဲ့
တရုတ်မူးယစ်ဆေးဂိုဏ်းရာဇာကို ဖမ်းဆီးဖို့ လိုက်လံစုံစမ်းရင်း ပါရီမြို့ကို
ရောက်ရှိလာပါတယ် ဒီလိုနဲ့ Jian ဟာ ပြင်သစ်က အချိတ်အဆက်ကိုစုံစမ်း
ရင်း ပြည့်တန်ဆာမလေး Jassica နဲ့ တွေ့ဆုံမိပါတယ်
Jassica ရဲ့ ဂေါင်း Richard ဟာ Jassica ကို သူ့သမီးနဲ့အပိုင်ခြိမ်း
ခြောက်ထားတာဖြစ်ပြီး Richard ကိုယ်တိုင်က ဖာဂေါင်းသာမကပဲ
မူးယစ်ဂိုဏ်းရဲ့ ဂျိတ်တခု ဖြစ်နေတဲ့အခါမှာတော့………………..။
Post a Comment